Slide 1

Talyougo app အကြောင်း သိရှိစေဖို့အတွက် Request a demo တွင် form ဖြည့်ပီးစမ်းသပ်အသုံးပြုလိုက်ပါ

Slide 1

Talyougo app အကြောင်း သိရှိစေဖို့အတွက် Request a demo တွင် form ဖြည့်ပီးစမ်းသပ်အသုံးပြုလိုက်ပါ

previous arrow
next arrow

ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဆော့ဖ်ဝဲဖြင့် သင့်လုပ်ငန်းများရဲ့တိုးတက်ပြောင်းလဲမှုတစ်ခုကို စတင်လိုက်ပါ

မင်္ဂလာပါ Talyougo Websiteမှကြိုဆိုပါတယ်။ Talyougoဆိုတာ လူကြီးမင်းတို့လုပ်ငန်းမှာ ကုန်ပစ္စည်းပို့ဆောင်ရေးအတွက် ကူညီပေးမယ့် လွယ်ကူရိုးရှင်းတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ 
Talyougo Websiteကတော့ ကျွန်ုပ်တို့ Talyougo App အသုံးပြုသူတွေအတွက် အဆင်ပြေစေရန် ရည်ရွယ်ကာ ဖန်တီးတည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

About Kirasoft Co.Ltd

KIRASOFT LIMITED ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပါသည်။ Company ၏ အဓိက ရည်ရွယ်ချက်မှာ Customer များ၏ စီးပွားရေးလုပ်ငန်းများကို နည်းပညာအကူအညီနှင့် ပိုမိုမြန်ဆန်လွယ်ကူစေရန် ဖြစ်ပါသည်။ ကျွန်တော်တို့သည် Customer ကို အဓိကထား၍လုပ်ကိုင်ခြင်း (Customer Centric Business Model) ကိုကျင့်သုံးပါသည်။

အချိန်ကုန်သက်သာခြင်း၊ မိသားစုအားအချိန်ပိုပေးလာနိုင်ခြင်း

Talyougo app လေးကိုအသုံးပြုလိုက်တာနဲ့ စာရင်းသွင်းခြင်းတွေကို အချိန်ကုန်လူပင်ပန်းသက်သာစွာ ပြုလုပ်နိုင်မာပါ။ တိကျသေချာတဲ့စာရင်းဇယားတွေကို မိမိတို့ကိုယ်တိုင်ကြည့်ရူ့နိုင်မယ်ဆိုရင် လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို အကျိုးရှိစွာ အသုံးချလိုက်နိုင်ခြင်းပါပဲ။

အမှားအယွင်းနည်းပါးခြင်း

မိမိတို့ပို့ဆောင်ဖူးသော ကုန်ခရီးစဥ်အတိုင်း ပြန်လည်ပို့ဆောင်လိုပါက ယခင်အချက်အလက်များကို အလွယ်တကူပြန်လည်ကူးယူနိုင်တာဖြစ်လို့ ထပ်မံဖြည့်သွင်းစရာမလိုပဲ အမှားအယွင်းနည်းပါးစေပါတယ်။

လိုအပ်သောအချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခြင်း

အောင်မြင်လည်ပတ်လျက်ရှိ လုပ်ငန်းတွေအတွက် တိကျမြန်ဆန်တဲ့ ရှာဖွေမူများပြုလုပ်နိုင်အောင်လည်း TalyouGo က စီစဥ်ပေးထားပါတယ်။ မိမိတို့လုပ်ငန်းဆိုင်ရာ လိုအပ်တဲ့အချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရှာဖွေကြည့်ရူ့နိုင်ပါတယ်။

Customer အတွက်ပိုမိုကောင်းမွန်သောဝန်ဆောင်မူများပေးနိုင်ခြင်း

TalyouGo ရဲ့အားသာချက်များနဲ့အတူ Cloud Computing စနစ်ဖြင့် report များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးနိုင်ခြင်း၊ လိုအပ်သောအစိတ်အပိုင်းများကို စက္ကန့်ပိုင်းတွင်းရှာဖွေနိုင်ခြင်းတို့ကြောင့် Customer များအတွက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မူများကိုပေးနိုင်ပါသည်။

စာရင်းအင်းများ အလိုအလျှောက် တွက်ပေးနိုင်ခြင်းကြောင့် တစ်ပက်ချုပ်၊ လချုပ်၊ နှစ်ချုပ်စာရင်း အလွယ်တကူ ကြည့်ရူ့နိုင်ခြင်း

ကုန်ပစ္စည်းပို့ဆောင်မူအတွက် မရှိမဖစ် စာရင်းမှတ်တမ်းအားလုံးကို TalyouGo app တစ်နေရာတည်းမာတင် ကြည့်ရူ့နိုင်ပါတယ်။ စာရင်းအင်းများ အလိုအလျောက် တွက်ပေးနိုင်ခြင်းကြောင့် တစ်ပက်ချုပ်၊ လချုပ်၊ နှစ်ချုပ်စာရင်းတွေကိုလည်း စက္ကန့်ပိုင်းအတွင်းမာတင် အလွယ်တကူ ကြည့်ရူ့နိုင်ပါတယ်။

Many TMS systems offer the same features and functionalities but not the flexibility or usability we found with the 3GTms system. The choice wasn't just based on how the TMS can serve us now; it comes down to how it can adapt to new complexities and grow with our business.

ပို့ဆောင်ပေးရသည့် ပစ္စည်းအရေအတွက်နှင့် ထွက်ရှ်ိသည့် ကုန်ကားအရေအတွက် ကြည့်ရူ့နိုင်ခြင်း

TalyouGo အသုံးပြုသူများအားလုံးအဆင်ပြေစေရန်အတွက် app အတွင်း အော်ဒါစီမံခန့်ခွဲမူပြုလုပ်နိုင်ပါတယ်။ သယ်ယူပို့ဆောင်ရန် ကုန်ပစ္စည်းများကို ဘောင်ချာစတင်ဖွင့်သည့်အချိန်မှစ၍ ပို့ဆောင်ပြီးစီးသည်အထိ မိမိတို့၏ဖုန်းမျက်နှာပြင်တစ်ခုတည်းပေါ်တွင် အလွယ်တကူလုပ်ဆောင်စီမံနိုင်မာဖြစ်ပါတယ်။ ပို့ဆောင်ပေးရတဲ့ အရေအတွက်နဲ့ ထွက်ရှိတဲ့ကုန်ကားအရေအတွက်ကိုစစ်ဆေးနိုင်ပါသည်။

Real time Report ကြောင့်သင့်စီးပွားရေး အခြေအနေများသည် လက်တစ်ကမ်းစာ နေရာတွင်ရှိခြင်း

Real time Report ရဲ့ လုပ်ဆောင်မူကြောင့် သင့်စီးပွားရေးအခြေအနေများက သင့်လက်တစ်ကမ်းမှာပဲ ရှိနေမာဖြစ်လို့ ပစ္စည်းပို့ဆောင်ရတဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးအတွက်မဆို TalyouGo က အားထားစရာ လက်တွဲဖော်ကောင်းလေး ဖြစ်ပါတယ်။

Cloud Computing စနစ်ဖြင့် Report များကို အချိန်နှင့်တပြေးညီ ထုတ်ပေးနိုင်ခြင်း

ကုန်ပစ္စည်းပို့ဆောင်မယ့် ခရီးစဥ်တစ်ခုစီတိုင်းအတွက် ဘောင်ချာဖွင့်သည်မှအစ၊ တစ်ဖက်မှကုန်ပစ္စည်းလက်ခံရရှိသည်ထိဆုံး တိကျရှင်းလင်းစေဖို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အပိုအလိုမရှိစေအောင် Cloud Computing စနစ် Report များကို အချိန်နှင့်တစ်ပြေးညီထုတ်ပေးနိုင်ပါသည်။

Scroll to Top